Local News

ပြည်ပဈေးကွက်အဝယ်ရှိ၍ ပဲစဉ်းငုံဈေးမြင့်လာ

Last Updated:

ပြည်ပဈေးကွက်အဝယ်ရှိ၍ ပဲစဉ်းငုံဈေးမြင့်လာ

ဇွန်လနောက်ဆုံးပတ်တွင် ပဲစဉ်းငုံကို ရန်ကုန်သင်္ဘောတင် ဝယ်လက်ရှိလာ၍ဈေးကွက်လက်ကျန်ပဲများ ဈေးမြင့်တက်လာခဲ့သည်။ 

ပဲစဉ်းငုံ(နီ)၆၀ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၁၃၆၀၀၀မှ ၁၃၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၂၈၀၀၀မှ ၁၂၉၀၀၀၊ ယခင်လကျပ် ၁၂၇၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၈၀၀၀၊ ယခင်လထက်ကျပ် ၉၀၀၀မှ ၁၀၀၀၀မြင့်တက်လာသည်။

ပဲစဉ်းငုံ(ဖြူ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၁၃၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၂၇၀၀၀မှ ၁၂၈၀၀၀၊ ယခင်လကျပ် ၁၂၅၀၀၀မှ ၁၂၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀၀မှ ၅၀၀၀ ၊ ယခင်လထက် ၆၀၀၀မှ ၇၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News